Телеграм

ONP: ZHANG LINGHE៵ 🦋 ࣪ ִֶָ ⋆

@ONP_ZLH_971230 Косплей и фан-культура
РКН: проверяем Иноагент: проверяем
líng xiāo zhī shàng, hè rán yǒu shēng

Zhang Linghe's Myanmar Fans ❤️

Статистика обновлена 14.11.2026 в 07:30 · 1 просмотр страницы · Хотите больше просмотров?

Подписчики1 278
Охват поста130 10% от подписчиков
ERR за месяц10,17%
ERR за 24 часа6,45%

Динамика за 30 дней

Рекламные публикации

Рекламных публикаций не найденоЗа последнее время мы не нашли на площадке ни одного рекламного поста.

Последние публикации

Все посты канала →
ONP: ZHANG LINGHE៵ 🦋 ࣪ ִֶָ ⋆ tg1.3 тыс. подписчиков
Открыть пост ↗
Costume အသစ်နဲ့ ခန့်ညားထည်ဝါနေတဲ့ ယဲ့တင်းယန်ပါရှင်။ ဒီလိုမျိုး ခန့်ညားနေတာကို ဘယ်လိုစကားလုံးတွေနဲ့တောင် ဖွဲ့နွဲ့ရမလဲ မသိတော့ဘူး။အရှင့်သားရဲ့ ဂုဏ်သိက္ခာ၊ ကျက်သရေ၊ တည်ငြိမ်မှုနဲ့ မာန်ပါမှုတွေ အားလုံးကို တစ်ကိုယ်လုံးမှာ မြင်နေရသလိုပဲ။ ဝတ်စုံတစ်ထည်က လူတစ်ယောက်ကို ဒီလောက်အထိ ခန့်ညားထည်ဝါသွားစေနိုင်တယ်ဆိုတာ ယဲ့တင်းယန် - ကျန်းလင်ဟယ့် ကိုကြည့်မှပဲ ယုံတော့တယ်။ တကယ်ကို မျက်စိတစ်ချက်လွှဲဖို့တောင် နှမြောစရာကောင်းလောက်အောင် ခန့်ညားလွန်းနေတဲ့ မင်းသားပါပဲ❤️


Vd:Ctto


#ZhangLinghe #张凌赫
#YeTingYan #YeHe
#Revenge #CiTang #刺棠
👁 55 ❤ 5🍓 1 вчера в 08:46
ONP: ZHANG LINGHE៵ 🦋 ࣪ ִֶָ ⋆ tg1.3 тыс. подписчиков
Открыть пост ↗
Huanwang Data x “2026 China Market Brand Endorser Marketing Industry White Paper” ကို ဒီနေ့ကျင်းပတဲ့ 2026 Brand Spokesperson Influence Industry Conference မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကျွန်မတို့ရဲ့ ကျန်းလင်ဟယ့်က လူကြိုက်များတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေထဲမှာမှ Brand Ambassador ရာထူးအသစ် တိုးလာမှု အများဆုံးသူများစာရင်းမှာ Top 2

2026အတွင်း ကြော်ငြာကိုယ်စားလှယ်အဖြစ် လက်တွဲမှု အများဆုံးတိုးလာတဲ့ ထိပ်တန်းအနုပညာရှင် ၁၀ ဦးစာရင်းမှာ Top 4 အနေနဲ့ အသီးသီး နေရာရယူထားပါတယ်။

အောင်မြင်မှုဆိုတာ တစ်ရက်တည်းနဲ့ ရောက်လာတာမျိုးမဟုတ်ဘူးဆိုတာ မင်းကိုကြည့်ရင်း ပိုပြီးနားလည်လာရတယ်။ တစ်ဆင့်ချင်းစီ ကြိုးစားတည်ဆောက်လာခဲ့တဲ့ အနုပညာလမ်းကြောင်းမှာ အခုလို ရလဒ်ကောင်းတွေ တစ်ခုပြီးတစ်ခု ပိုင်ဆိုင်လာတာ မြင်ရတာ တကယ်ကို ဝမ်းသာဂုဏ်ယူစရာပါပဲ။ Congratulations HeHe 👑

#ZhangLinghe #张凌赫
👁 49 ❤ 5🍓 1 вчера в 07:04
ONP: ZHANG LINGHE៵ 🦋 ࣪ ִֶָ ⋆ tg1.3 тыс. подписчиков
Открыть пост ↗
2026 Brand Spokesperson Influence Conference မှာ Huanwang Data ကနေ တင်ဆက်ပေးလာတဲ့ သတင်းလေးဖြစ်ပါတယ်ရှင်။

Shandong Freda Biopharmaceutical Co., Ltd. ရဲ့ အထွေထွေမန်နေဂျာ Mr. Bai Tianming က Rellet Yilian နဲ့ ZhangLinghe တို့ရဲ့ အောင်မြင်တဲ့ Brand Ambassador လက်တွဲမှုအကြောင်းကို အသေးစိတ် ရှင်းပြဆွေးနွေးခဲ့ပါတယ်။

💌 Core Strategy - ခဏတာလူကြိုက်များမှုကို ကြည့်ပြီး ရွေးချယ်တာမဟုတ်ဘဲ ရေရှည်လက်တွဲနိုင်မယ့်သူကို ရွေးချယ်ခြင်း

ဒီလက်တွဲမှုက ခဏတာ လူကြိုက်များလာတဲ့ အရှိန်အဟုန်ကို အခွင့်ကောင်းယူပြီး ရွေးချယ်ခဲ့တာမျိုး မဟုတ်ပါဘူး။ တကယ်တမ်း ယုံကြည်စိတ်ချရပြီး ရေရှည်လက်တွဲနိုင်မယ့်သူကို သေချာရွေးချယ်ခဲ့တာပါ။

Rellet Yilian က အဆင့်မြင့် အသားအရေပြုပြင်ထိန်းသိမ်းရေးဈေးကွက်ထဲကို တိုးချဲ့ဝင်ရောက်နေတဲ့ အရေးကြီးတဲ့အချိန်မှာ သူတို့ရဲ့ Brand ပုံရိပ်နဲ့ ရပ်တည်ချက်ကိုကောင်းကောင်းကိုယ်စားပြုနိုင်ပြီး အမှတ်တံဆိပ်နဲ့အတူ ရေရှည်တိုးတက်လာနိုင်မယ့် ကျန်းလင်ဟယ့်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

🎯 Four Dimensions of Alignment :လူတစ်ယောက်ကို မရွေးချယ်ခင် ဘယ်အချက်တွေကို အဓိကထားစဉ်းစားခဲ့လဲ။

1.Audience Overlap 🌱

Zhang Linghe ရဲ့ ပရိသတ်အများစုဟာ Rellet Yilian ရဲ့ အဓိကစားသုံးသူအုပ်စုနဲ့ တော်တော်လေးကို ကိုက်ညီပါတယ်။ ပရိသတ် 85 ရာခိုင်နှုန်းကျော်က အသက် 22 နှစ်ကနေ 28 နှစ်ကြား အမျိုးသမီးတွေဖြစ်တာကြောင့် Brand ရဲ့ အဓိကပစ်မှတ်ထားတဲ့ ဈေးကွက်ကို ကောင်းကောင်းလွှမ်းခြုံနိုင်ပါတယ်။

2.Brand-Persona Fit 🌱

Zhang Linghe ဟာ ပညာရေးမှာ ထူးချွန်ခဲ့သူတစ်ယောက်ဖြစ်ပြီး 211 အဆင့်တက္ကသိုလ်ကနေ ပညာသင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ကောင်းမွန်သန့်ရှင်းတဲ့ အများပြည်သူရှေ့က ပုံရိပ်ဟာ Rellet Yilian ရဲ့ သိပ္ပံနည်းကျ သုတေသနပြုမှုကို အလေးထားတဲ့ Brand အယူအဆနဲ့ လူငယ်ဆန်တဲ့ ပုံရိပ်တို့နဲ့ အရမ်းကို လိုက်ဖက်ပါတယ်။

3.Commercial Value 🌱
Zhang Linghe ရဲ့ စီးပွားရေးဆိုင်ရာ ဆွဲဆောင်နိုင်စွမ်းကလည်း တစ်စတစ်စ မြင့်တက်လာနေပါတယ်။ Luxury Brand တွေရဲ့ ကြော်ငြာကိုယ်စားလှယ်အဖြစ် လက်တွဲလာရတာတွေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအထိ လူသိများလာမှုတွေကြောင့် Rellet Yilian ရဲ့ ပရိသတ်စိတ်ဝင်စားမှုနဲ့ Brand လူသိများမှုကို ပိုမိုမြင့်တက်လာစေပါတယ်။

4.Growth Potential 🌱
ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေနဲ့ Variety Show တွေမှာ အဆက်မပြတ် ပါဝင်လုပ်ဆောင်နေမှုတွေကနေ Zhang Linghe ရဲ့ အနာဂတ်အလားအလာကောင်းတွေကို မြင်တွေ့နိုင်ပါတယ်။ သူကိုယ်တိုင်လည်း တိုးတက်မှုလမ်းကြောင်းပေါ်မှာ ရှိနေသလို Rellet Yilian ကလည်း တစ်စတစ်စ တိုးတက်လာနေတဲ့ Brand ဖြစ်တာကြောင့် နှစ်ဖက်စလုံးအတွက် အရမ်းကို လိုက်ဖက်တဲ့ လက်တွဲမှုတစ်ခု ဖြစ်ပါတယ်။

👑 A Rising Brand × A Rising Artist :
Brand တစ်ခုရဲ့ ခိုင်မာတဲ့ စွမ်းဆောင်ရည်နဲ့ အနုပညာရှင်တစ်ယောက်ရဲ့ အကန့်အသတ်မရှိတဲ့ အနာဂတ်အလားအလာတို့ ပေါင်းစည်းမိတဲ့အခါ ဒါဟာ Yilian ရဲ့ Brand Ambassador ရွေးချယ်မှုအပေါ် ထားရှိတဲ့ သဘောထားကို ဖော်ပြနေပါတယ်။
တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိရှိ၊ ရေရှည်လက်တွဲပြီး အတူတူ တိုးတက်အောင်မြင်သွားကြဖို့ပါပဲ။

ONP ပြောချင်တာကတော ကိုကိုကျန်းဟော့ကို ချီးကျူးရမယ်ဆိုရင် ရုပ်ရည်ချောမောတာ၊ လူကြိုက်များတာလောက်နဲ့တင် မလုံလောက်ဘူး။ သူ့မှာ ချီးကျူးစရာကောင်းတဲ့ အရည်အချင်းတွေနဲ့ အားသာချက်တွေ အများကြီးရှိတယ်။Adm အထူးသဘောကျမိတာက ကိုကိုက လူကြိုက်များမှုနောက်ကိုပဲ လိုက်နေတဲ့ အနုပညာရှင်တစ်ယောက်မဟုတ်ဘဲ သူ့ရဲ့ ပညာရေးနောက်ခံ၊ အလုပ်အပေါ်ထားတဲ့ သဘောထား၊ အနုပညာလမ်းကြောင်းနဲ့ တဖြည်းဖြည်း တည်ဆောက်လာတဲ့ ကိုယ်ပိုင်တန်ဖိုးတွေကြောင့် Brand တွေရဲ့ ယုံကြည်မှုကို ရရှိလာတာပါပဲ။Luxury Brand တွေကနေ Skincare Brand တွေအထိ သူ့ကိုရွေးချယ်လာကြတာဟာလည်း သူ့ရဲ့ ပုံရိပ်နဲ့ ဈေးကွက်လွှမ်းမိုးနိုင်စွမ်းကို အသိအမှတ်ပြုလာကြတာလို့ မြင်မိတယ်။

အလှဆုံးအချက်ကတော့ သူ့ရဲ့တန်ဖိုးကို သူကိုယ်တိုင် သက်သေပြနေဖို့ အချိန်က ပိုပိုပြီး အခွင့်အရေးပေးလာတာပါပဲ။ဒီနေ့ရဲ့ လူကြိုက်များမှုထက် မနက်ဖြန်မှာ ဘယ်လောက်အထိ တောက်ပလာဦးမလဲဆိုတာကို ပိုပြီး စိတ်ဝင်စားမိတဲ့ အနုပညာရှင်မျိုးပါ ❤️

#ZhangLinghe #张凌赫
👁 47 🔥 6❤ 1 вчера в 06:49