အများတကာရဲ့ အသိအမှတ်ပြုမှုကို ရဖို့ ကြိုးစားရင်း ကိုယ့်ရဲ့ဖြစ်တည်မှုဟာ တဖြည်းဖြည်း ပျောက်ကွယ်လာနေတာကို သတိထားမိပါရဲ့လား။
မင်းဖြစ်ချင်တဲ့အရာတွေ၊ မင်းဖြစ်ချင်တဲ့ပုံစံတွေကို ဖုံးကွယ်ပြီး မျက်နှာဖုံးတွေအောက်မှာ နေထိုင်နေရတာ ပျော်ရဲ့လား။😞
တစ်ခါတလေ သူများတွေရဲ့အမြင်မှာ ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်နေဖို့ ကြိုးစားရင်း မင်းတကယ်နှစ်သက်တဲ့အရာတွေကိုတောင် မေ့လျော့သွားတတ်တဲ့ အခိုက်အတန့်တွေကို မင်းကြုံတွေ့လာရပါလိမ့်မယ်။
ဒါကြောင့် မင်းသိထားဖို့လိုတာက လူတိုင်းရဲ့အကြိုက်နဲ့ ကိုက်ညီနေဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုဆိုတာကိုပါပဲ။ တချို့လူတွေအတွက် မင်းဟာ အကောင်းဆုံးဖြစ်နေနိုင်ပေမယ့် တချို့လူတွေအတွက်တော့ မင်းဘယ်လောက်ပဲကြိုးစားကြိုးစား လုံလောက်မှာမဟုတ်ပါဘူး။💛
အဲဒါကြောင့် သူများတွေရဲ့အမြင်ကို လိုက်ပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြောင်းလဲနေမယ့်အစား ကိုယ့်ရဲ့အားနည်းချက်တွေကို ပြုပြင်ပါ။ အမှားတွေကနေ သင်ယူပါ။ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင် ကြိုးစားပါ။
တစ်ခါတလေ လူအများကြားမှာ မင်းဟာ မတူညီတဲ့သူတစ်ယောက် ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် မင်းဟာ မင်းဖြစ်ဖို့ လိုပါတယ်။
ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ မင်းနဲ့အတူ အမြဲရှိနေမယ့်သူက မင်းကိုယ်တိုင်ပဲ ဖြစ်နေလို့ပါပဲ。。。♡
Be yourself. Not because you're perfect, but because you're you.
Telegram Channel link
https://t.me/ZIEACADEMY
Page Link
TikTok Account Link
https://www.tiktok.com/@zie_academy?_t=ZS-8vy5aFXgp3X&_r=1
#Motivation
#contentwriter_Yadanar
#graphicdesign_Chan
#Zie_Academy
#ZAE