မလုပ်ချင်တော့ဘူး
သူ့အကိုင်းအခတ်လေးနဲ့ရှိပါစေတော့
မပျော်ရွှင်မှုနဲ့ ကြုံတွေ့တဲ့အခါ
ငါ့ကိုသာ လက်တို့လိုက်ပါ ငါ့ရဲ့ မပျှော်ရွှင်မှုတွေထဲက
ရှိစုမဲ့စု ပျော်စရာတချို့ကို မင်းအတွက်ပေးခဲ့ချင်တာပါ
ပြီးရင်မင်းက
လာရာလမ်းအတိုင်းပြန်ပေါ့
အရင်လူနဲ့ အရင် ရင်ခွင်မှာ
အရင်လိုအပြုံးတွေနဲ့နေထိုင်ပါ
ငါက
အရင်လို အပူတွေနဲ့
အရင်လို ဒဏ်ရာတွေနဲ့
ဆက်လက်နေထိုင်ပါ့မယ်
#ခန့်ထည်